ပြည်တွင်းပြည်ပမှ အတတ်ပညာနှင့် အရင်းအနှီးများ ဖိတ်ခေါ်၍ စီးပွာ

နောက်ဆုံးပေါ်နည်းပညာသတင်းများ၊ အင်ဂျင်နီယာရင်း သတင်းများ။

ပြည်တွင်းပြည်ပမှ အတတ်ပညာနှင့် အရင်းအနှီးများ ဖိတ်ခေါ်၍ စီးပွာ

Postby acmv » Fri Dec 27, 2013 9:00 pm

ပြည်တွင်းပြည်ပမှ အတတ်ပညာနှင့် အရင်းအနှီးများ ဖိတ်ခေါ်၍ စီးပွားရေး ဖွံဖြိုးတိုးတက်အောင် တည်ဆောက်ရေးတဲ့...

ရင်းနှီးပြီးသား စကားလုံးတွေပါပဲ... ပြည်ပက အရင်းအနှီးတွေလာတော့ ပြည်တွင်းမယ် အလုပ်အကိုင်နဲ့ ငွေကြေးလည်ပတ် စီးဆင်းတာ ကောင်းမယ်ပေါ့... အတတ်ပညာရှင်တွေ ပြည်တွင်းလာလုပ်ရင် သူတို့ဆီက နည်းပညာတွေ ဖိုတိုစတက် ဆွဲသလို အကုန်မရတာတောင် မနည်းဘူးရမယ်ပေါ့... ကိုယ့်အတွေးနဲ့ကိုယ်တော့ ဟုတ်နေတာပဲ မဟုတ်လား...

ရွှေပြည်သာ စက်မှုဇုန်ထဲမယ် SANDA ဆိုတဲ့ တရုတ်ပြည်က ကားကုမ္မဏီရှိတယ်... လိုက်ထရပ်လေးတွေ အစအဆုံးထုတ်တယ်... သံပြားကုန်ကြမ်းလား တရုတ်ပြည်ကလာတယ်... အေးလေ ကိုယ်တွေဆီမှာမှ သံပြားကောင်းကောင်း မထုတ်နိုင်တာပဲ မှာပစေ... အင်ဂျင်လား တရုတ်ပြည်ကမှာတယ်... အေးလေ အင်ဂျင်မှ မလုပ်တတ်တာ မှာပေါ့... သံဖရိန်လား... တာယာလား ဆေးလား... မူလီလား... ဟဲဟဲ... ကိုယ်တွေမှာမှ မလုပ်တတ်တာ မှာပစေပေါ့...

စက်ရုံမှုလား တရုပ်ကြီး... အေးလေ သူ့နည်းပညာနဲ့ သူကျွမ်းကျင်ရာ လာလုပ်ပလေ့စေပေါ့... အင်ဂျင်နီယာတွေလား တရုပ်တွေ... အေးပါ အတတ်ပညာရှင်တွေ လာလုပ်တာပဲ လုပ်ပလေ့စေ... ဝရိန်သမားလား... မူလီကျပ်လား... တွင်ခုံလား... ကရိန်းလား... တရုပ်တွေ ထားပါတော့... ပညာချင်းမတူလို့ နေမပေါ့... သန့်ရှင်းရေးလား... ထမင်းချက်လား... ရေဆေးဆီထိုးလား... ဂိုထောင်စောင့်လား... လုံခြုံရေးလား... ဟဲဟဲ တရုတ်တွေချည်းပါပဲ...

၂၀၀၈ လောက်တုန်းက အဲ့ဒိစက်ရုံမယ် ဗမာစကားတတ်တာ အတွင်းရေးမှုမ တစ်ယောက်လောက်ပဲ ရှိတယ်ထင်ရဲ့... ခုလိုလေးငါးနှစ် ကြာလာတော့ အကုန်လုံးဗမာလို ပြောကုန်ကြပြီ ထင်ပါတယ်... ဗမာသားလေးတွေတောင် ပေါက်နေကြလောက်ပြီ... ဟဲဟဲ...

ပျော်စရာကြီးပါပဲ...
1Like · Share

84 people like this.
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to နောက်ဆုံးပေါ်နည်းပညာသတင်းများ News about Technology, High Tech, Advanced Tech

Who is online

Users browsing this forum: No registered users and 1 guest

cron