ပြင်စရာမလိုသော အသက်ပါသည့် ကား Audi A9

နောက်ဆုံးပေါ်နည်းပညာသတင်းများ၊ အင်ဂျင်နီယာရင်း သတင်းများ။

ပြင်စရာမလိုသော အသက်ပါသည့် ကား Audi A9

Postby acmv » Wed Dec 05, 2012 10:04 pm

Image
ဂျာမနီ မော်တော်ယာဉ်ထုတ်လုပ်ရေး ကုမ္မဏီ အော်ဒီ (Audi) ထုတ် ကားများလည်း မြန်မာပြည် ရောက်ပါတယ်။ အများစုကတော့ ဂျပန်လေလံ က ဖြစ်ပြီး ဆလွန်း၊ SUV စုံစုံလင်လင်ရောက်ရှိပါတယ်။ အကယ်၍ ပုံမှာ ဖော်ပြထားတဲ့ကားသာ တကယ်ထွက်ပေါ်လာရင် လည်း မြန်မာပြည်ရောက်ဖို့ မျော်လင့်ပါတယ်။

တစ်ခုခုနဲ့တိုက်လို့ ကားဘော်ဒီမှာ ချိုင့်ဝင်သွားတာ၊ အရောင်ပွန်းသွားတာ မျိုးဆိုရင် ကားက အလိုအလျောက် ပြန်ပြင
်ပေးပါတယ်။ ကိုယ်တိုင် ပြင်စရာ မလိုပါဘူး။ ဆေးရောင်လည်း ကိုယ်လိုသလို ပြောင်းလဲနိုင်ပါတယ်။ ပုတ်သင်ညိုတို့တောင် အရောင် ၄၊ ၅ မျိုးထက် ပိုမပြောင်းနိုင်ပေမယ့် Audi A9 ဆလွန်းကတော့ အရောင်မျိုးစုံ ပြောင်းလဲနိုင်ပါတယ်။ ကိုယ်တိုင် လည်း ပြန်ပြင်တယ်၊ အရောင်လည်းပြောင်းတယ်ဆိုတော့ အသုံးပြုတဲ့ နည်းပညာကို လူတိုင်း စိတ်ဝင်စားကြမှာ ဖြစ်ပါတယ်။

ကိုယ်တိုင်ပြန်ပြင်ရလောက်အောင် အသက်သွင်းပေးထားတာကတော့ နာနို နည်းပညာ (Nanotechnology) ဖြစ်ပါတယ်။ နာနို နည်းပညာဟာ ၁၉၇၀ နောင်းပိုင်းက စပေါ်ပေမယ့် ၂၁ ရာစုမှာ လွမ်းမိုးလာတဲ့ နည်းပညာ ဖြစ်ပါတယ်။ ဆံပင်တစ်မွေးစာရဲ့ တစ်ထောင်ပုံတစ်ပုံ အရွယ်အစား ပစ္စည်းကို လူသုံးကုန်ပစ္စည်းတွေမှာ အသုံးပြုလာခြင်းဟာ အံ့မခန်း ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာ ဖြစ်ပါတယ်။ ဒီအတွက် အဓိကလိုအပ်ချက်က အသုံးပြုမယ့် သတ္တုအမျိုးအစားပဲ ဖြစ်ပါတယ်။

ကားဘော်ဒီပြင်တစ်ခုလုံးမှာ နာနိုနည်းပညာသုံး အလွာတစ်ခုလုံးခြုံလွမ်း ထားပါမယ်။ အပူချိန်ကြောင့်သော်လည်းကောင်း၊ အက်ဆီးဒန့်ကြောင့်သော် လည်းကောင်း တစ်နေရာရာက တွန့်လိမ်သွားရင် နာနိုနည်းပညာသုံး ကားဘော်ဒီအလွှာက အလိုလို ပုံမှန်အနေအထားသို့ ပြန် လည် ရောက်ရှိ ပါတယ်။ Electronic Painting နည်းပညာလည်း ပါဝင်တဲ့အတွက် လိုအပ်တဲ့ အရောင်ကို ခလုတ်နှိပ်ပြီး ပြောင်းရုံပဲ ဖြစ်ပါတယ်။

ဟိုင်းဘရစ်ဗားရှင်းနဲ့ထုတ်လုပ်မယ်လို့ ကြားနေရပါတယ်။ အကယ်၍ ထုတ်လုပ်မယ်ဆိုရင်တော့ အနာဂတ်မှာ လျှပ်စစ်ကိုသာ အသားပေး အသုံးပြုရမှာ ဖြစ်ပါတယ်။ လက်ရှိကတော့ လောင်စာဆီသုံး အင်ဂျင်ကို လျှပ်စစ်မော်တာလေးလုံးနဲ့ ဘီးလေးလုံးမှာ ထပ်မံအားဖြည့်ပေး ထားမယ်လို့ ဆိုပါတယ်။ ကားကို ခေတ်မှီနည်းပညာများဖြင့်သာ အလုပ်လုပ် စေတဲ့ အတွက် အော်တို စနစ်တွေ ပါဝင်မှု များပြားမှာ ဖြစ်ပါတယ်။

မဝေးတော့တဲ့အနာဂတ်မှာ ထုတ်လုပ်ဖို့ ဂျာမနီ Audi တို့ရေးဆွဲထားတဲ့ ဒီဇိုင်း ဖြစ်ပြီး ကုန်ကြမ်း အလွယ်တကူ ရရှိဖို့အတွက် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
--
Ref:Audi
Photo courtesy of Audi. All Rights Reserved.

Credit to Aung Kham (TSJ team)
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Re: ပြင်စရာမလိုသော အသက်ပါသည့် ကား Audi A9

Postby acmv » Wed Dec 05, 2012 10:06 pm

မာစီဒီးမှ ထုတ်လုပ်မည့် concept ကား Biome

Image
ပုံစံကြည့်လိုက်ရင် ကားလို့တောင် ထင်ရက်စရာ မရှိပါဘူး။ ဂြိုလ် သားလေယာဉ်လိုလို ပုံစံဖြစ်နေပြီး ဘီးတောင် မမြင်ရပါဘူး။

အမှန်တော့ ကားရဲ့ဘော်ဒီကို ဘိုင်အိုဖိုက်ဘာနဲ့ ဖုံးအုပ် ထားခြင်းဖြစ်ပါတယ်။ ဘိုင်အိုဖိုက်ဘာဆိုတာ သာမန် ကာဘွန်ဖိုက်ဘာတွေနဲ့မတူပါ ဘူး။ နေရောင်ခြည်ကို ဆုပ်ယူနိုင်စွမ်းရှိပြီး ကားပတ်ပတ်လည်မှာ ယင်းနေရောင် ခြည်စွမ်းအင်ကို ဓာတုဗေဒ ဓာတ်ပေါင်းအင် အဖြစ်ပြေ
ာင်း လဲပြီး သိမ်းဆည်းထားပေးမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ကားကို ဘိုင်အိုဖိုက်ဘာတစ်ခုလုံး နဲ့ဖုံးအုပ်ထား ပါတယ်။ အရည်ပြောင်းလဲသိမ်းဆည်းထားပေးတဲ့ အလွာလည်း တစ်ထပ်ပါ ဝင်နေပါသေးတယ်။ ကာဘွန် ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ ထုတ်လုပ်မှု လုံးဝမရှိစေပဲ၊ လျှပ်စစ် စွမ်းအင်နဲ့ နေရောင်ခြည်စွမ်းအင်ကိုသာ အသုံးပြုစေ မှာ ဖြစ်ပါတယ်။

လေးယောက်စီး တံခါးနှစ်ပေါက် ဇိမ်ခံ မာစီဒီးကားအဖြစ် ထုတ်လုပ်မှာ ဖြစ် ပါတယ်။ ၂၀၁၀ နိုဝင်ဘာလမှာ ကျင်းပတဲ့ မာစီဒီး မျိုးဆက်သစ်ကား ဒီဇိုင်းပြိုင်ပွဲမှာ ဆုရထားတဲ့ ကားဒီဇိုင်း ဖြစ်ပါတယ်။ အဲဒီတုန်းက ၂၀၁၃ခုနှစ်မှာ ထုတ် လုပ်နိုင်မယ်လို့ ကြေညာထားပေမယ့် လက်ရှိ အချိန် အထိ Biome ရဲ့ အရိပ်အယောင်ကို မတွေ့ရသေးပါဘူး။

ဘိုင်အိုဖိုက်ဘာ (ဇီဝဖိုက်ဘာ)သတ္တုကိုအသုံးပြုလို့ ရတဲ့အခြား အားသာချက်တစ်ခု ကတော့ အလေးချိန်ဖြစ်ပါ တယ်။ ကားရဲ့ဝိတ် ဟာ ပေါင်ချိန် ၁၀၀၀ ထက်မပိုဘူးလို့ဆို ပါတယ်။ သာမန် ပလက် စတစ်ဘော်ဒီနဲ့ တည်ဆောက်မယ် ဆိုရင်တောင် ပေါင် ၁၀၀၀ ရဖို့ မနည်းကြိုးစားရမှာ ဖြစ်ပါ တယ်။

အတွေးအခေါ်ဆန်းသစ်ပြီး ဒီဇိုင်းအားဖြင့် ခေတ်ဆန်လွန်း လှတဲ့ မာစီဒီး Biome concept ကားကို ထွက်ရှိနိုင်ဖို့ မာစီဒီးမှာ ကြိုးစားလျက် ရှိပါတယ်။
---
Ref:Mercedes-Benz
Credit to Aung Kham (TSJ team)
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am


Return to နောက်ဆုံးပေါ်နည်းပညာသတင်းများ News about Technology, High Tech, Advanced Tech

Who is online

Users browsing this forum: No registered users and 1 guest

cron