Fire Alarm Systems Book

Fire protection ဘာသာရပ်ကို လေ့လာသည့်အခါ အထူးသဖြင့် fire alarm system ကို လေ့လာသည့်အခါ အသုံးပြုမည့် code များ အထူးဦးစားပေး လေ့လာသင့်သည်။

Air con ပညာရပ်တွင် လူသားများအားလုံးသည် 22°C နှင့် 24°C အကြားတွင် သက်တောင့်သက်သာ နေထိုင်နိုင် ကြသည်ဟု နိုင်ငံအားလုံးက လက်ခံထားကြသော်လည်း fire alarm system ဒီဇိုင်းလုပ်သည့်အခါ မီးဘေးအန္တရာယ် အမျိုးအစား၊ အဆင့်စသည်တို့ တစ်နိုင်ငံနှင့် တစ်နိုင်ငံ သတ်မှတ်ပုံ လုံးဝမတူညီကြပေ။

မြန်မာနိုင်ငံတွင် ကိုယ်ပိုင် Code of Pratice(CP) သို့မဟုတ် regulation များ အပြည်အစုံ မရှိသေးသောကြောင့် တခြားနိုင်ငံမှ စည်းမျဉ်းစည်းကမ်းများကို မှီငြမ်းကြသည်။ အမေရိကန်နိုင်ငံ (မြောက် အမေရိကတိုက်)တွင် NFPA ၊ အင်္ဂလန်နိုင်ငံမှ British Standard (BS)၊ စင်ကာပူနိုင်ငံမှ Singapore Standard (SS) သို့မဟုတ် Code of Practice(CP) စသဖြင့် နိုင်ငံကို လိုက်၍ အသီးသီးကွဲပြားကြသည်။ ထို့ကြောင့် စည်းမျဉ်းစည်းကမ်း တစ်ခုကို အသုံးပြုသည့်နိုင်ငံ၊ ပြဌာန်းသည့် နိုင်ငံ နှင့်တကွ တွဲ၍ မှတ်သားရန်၊ ရေးသား ဖော်ပြရန် လိုအပ်သည်။

လေ့လာဖတ်ရှုသည့်အခါ၌လည်း လက်ရှိဖတ်နေသည့်အခန်း သို့မဟုတ် စာပိုဒ်သည် မည်သည့်နိုင်ငံမှ ပြဌာန်းချက်ကို ကိုးကားထားသည် ရည်ညွှန်းထားသည်ကို ဦးစွာ ဆန်းစစ်စေလိုပါသည်။ ဆန်းစစ်ရန် လိုအပ်သည်။ ထို့ကြောင့် ဤစာအုပ်တွင် အခန်းများ၊ စာပိုဒ်များ၌ မည်သည့်ပြဌာန်းချက် မည်သည့် code ဖြစ်သည်ကို အမြဲဖော်ပြထားသည်။
 အပိုင်း(၆) ပိုင်းခွဲ၍ အခန်းဖွဲ့ ရေးသားထားသည်။

အပိုင်း(၁)

Fire Alarm Systems Chapter 1(To download PDF File)

Fire Alarm Systems Chapter 2(To download PDF File)

Fire Alarm Systems Chapter 3(To download PDF File)

 

အပိုင်း(၂)

Fire Alarm Systems Chapter 4(To download PDF File)

Fire_Engineering.pdf

 

အပိုင်း(၃)

Chapter-6 Fire_Alarm_Systems_Detectors-MCallPoints.pdf

Chapter-7 Fire_Alarm_Systems_Detectors-Heat.pdf

Chapter-8 Fire_Alarm_Systems_Detectors-Smoke.pdf

Chapter-9 Fire_Alarm_Systems_Flame Detectors and Others Detector

အပိုင်း(၄)

Chapter-10 Alarm Notification device.pdf

 

အပိုင်း(၅)

Chapter-11 Fire Alarm Control Panel

Chapter 12– Emergency Communications Systems (ECS)

Conventional_And_Addressable_Fire_Alarm_Systems.pdf

Circuit and Wiring

Installation


အပိုင်း(၆)

Maintaining_Fire_Alarm_System_Reliability.pdf

CP-10:2005 (Can be downloaded in 2 to 3 weeks time)

Chapter 15 – Periodic Inspection, Testing, Service, and Maintenance

 

Chapter - 1 Fire Alarm System

Contents

Chapter - 1 Fire Alarm System.. 1

Basic Fire Alam Systems Overview.. 2

Selecting a Fire Alarm System for your Application. 3

Life Safety Protection. 4

Property Protection. 5

Mission Protection. 6

Heritage Protection. 6

Application Guidelines. 7

Time considerations. 7

Detector Selection. 7

Ceiling Height 8

Detector Spacing. 8

 

 

Basic Fire Alam Systems Overview

            အသက် အန္တရာယ် ကာကွယ်ရန် (protection of life) နှင့် ဥစ္စာ ပစ္စည်းများကို ကာကွယ်ရန် (protection of property) အတွက် fire alarm system များကို တပ်ဆင်ကြသည်။ Fire alarm system တစ်ခုသည်အထိ ရောက်ဆုံးကာကွယ်မှု ပေးနိုင်ရန်အတွက် အောက်ပါ  လုပ်ငန်း(function) များကို ဆောင်ရွက်ပေးနိုင်ရမည်။

(၁)

မီးစတင်လောင်ကျွမ်းသည့်အခါ ချက်ချင်းသိနိုင်ရမည်။ (Detect the presence of a fire.)

(၂)

အဆောက်အဦအတွင်းရှိနေသူများကို အသိပေးနိုင်ရမည်။ (Notify the occupants)

(၃)

မီးသတ်ဌာနသို့ အကြောင်းကြားပေးနိုင်ရမည်။ (Notify the fire department (usually through a central station connec-tion))

(၄)

မီးဘေးအန္တရာယ်ကင်းဝေးစေရေးလုပ်ငန်းများဖြစ်သော တံခါးများဖွင့်ပေးခြင်း (door release)၊ smoke door များ ဖွင့်ပေးခြင်း စသည်တို့ ဆောင်ရွက်ပေးနိုင်ရမည်။ (Operate other fire safety functions, e.g., release magnetically held open smoke doors.)

            Heat detector များနှင့် smoke detector များသည် အသုံးများသည့် fire detection devices များ ဖြစ်ကြသည်။ Heat detector သည် မီးလောင်ခြင်းကြောင့်ဖြစ်ပေါ်လာမည့် အပူ (heat) ကို detect လုပ်ရန် သို့မဟုတ် မီးလောင်ခြင်းကြောင့် detector အနီးတွင် အပူချိန် ရုတ်တရက် မြင့်တက်လာခြင်း(rapid increase of temperature) ကို သိနိုင် (detect) ရန်အတွက် ဒီဇိုင်းလုပ်ထားသည့် ကိရိယာဖြစ် သည်။

            Smoke detector များသည် မီးလောင်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် မီးခိုး (smoke) များကို သိနိုင်ရန် ဒီဇိုင်းလုပ်ထားသည့် ကိရိ ယာ ဖြစ်သည်။ တပ်ဆင်ထားသည့် နေရာအနီးတွင် မီးခိုးများဖြစ်ပေါ်လာပါက သို့မဟုတ် ရောက်လာပါက သိရှိနိုင်အောင် (detect) ဒီဇိုင်း လုပ်ထားသည့် ကိရိယာဖြစ်သည်။

            အသုံးများသည့် (common types) smoke detector နှစ်မျိုးမှာ ionization နှင့် photoelectric အမျိုးအစားတို့ဖြစ်ကြသည်။ သင့်လျော်သည့် detector ကို ရွေးချယ်ရန် အလွန်အရေးကြီးသည်။ Ionization detector များသည် flaming fire faster ကို လျင်မြန်စွာ သိနိုင် (detect) သည်။ Photoelectric detector သည် smoldering fire quicker လျင်မြန်စွာ သိနိုင်သည်။

            ယေဘုယျအားဖြင့် manual fire alarm boxe များကို အဆောက်အဦ၏ အထပ်တိုင်းရှိ လူထွက်ပေါက်များ (exits) အားလုံးတွင် တပ်ဆင်ထားသည်။ အဆောက်အဦတွင် automatic sprinkler system တပ်ဆင်ထားလျှင် မီးလောင်နေကြောင်း သိနိုင်ရန်အတွက် waterflow device များကို အသုံးပြုသည်။

            Heat detector၊ smoke detector စသည့် automatic detection devices များကို ရွေးချယ်ရာတွင် detect လုပ်နိုင်သည့် အကျယ် (level of coverage) ကို သတိပြုရွေးချယ်ရန် လိုအပ်သည်။ အခန်းအတွင်း သို့မဟုတ် အဆောက်အဦအတွင်း detector များ တပ် ဆင်ရုံဖြင့် မီးလောင်လျှင် ကြိုသိလိမ့်မည့် မှားယွင်းစွာ ယူဆတတ်ကြသည်။ မီးစတင်လောင်သည့် နေရာသည် smoke detector သို့မဟုတ် heat detect အလှမ်းမမီသည့်နေရာ ဖြစ်နေပါက သိနိုင် (detect) လိမ့်မည် မဟုတ်ပေ။ တစ်နည်းအားဖြင့် detect မလုပ်နိုင်သည့်နေရာတွင် မီးစတင်လောင်ကျွမ်းပါက မသိနိုင်ပါ။ ထို့ကြောင့် ကာကွယ်လိုသည့်နေရာအားလုံးကို ခြုံငုံမိအောင် smoke detector နှင့် heat detect များ ကို တပ်ဆင်ထားရန် လိုအပ်သည်။

ပုံ ၁ - ၁ Typical Fire Alarm System

            Sprinkler များ တပ်ဆင်ထားသည့်နေရာတွင် automatic fire detector များ တပ်ဆင်ထားရန် မလိုဟု ယူဆတတ်ကြသည်။ မီးလောင်နေကြောင်း အထိရောက်ဆုံး ကြိုတင်သိနိုင်ရန်(effectively detect) အတွက် နေရာမလပ် တပ်ဆင်ထားရန် လိုသည်။ တချို့ နေရာများတွင် property protection or mission protection ရန်အတွက် complete automatic sprinkler system တပ်ဆင်ထားရန် ပိုင်ရှင်များက ရွေးချယ်တတ်ကြသည်။ အကောင်းဆုံးနှင့် စိတ်အချရဆုံးနည်းမှာ အဆောက်အဦ အတွင်းရှိနေသူများ သိနိုင်စေရန်၊ လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် အတွက် automatic sprinkle system နှင့် fire alarm system တို့ကို အတူတကွ တပ်ဆင်ထားခြင်း ဖြစ်သည်။

            အဆောက်အဦအတွင်းရှိနေသူများ မီးလောင်နေကြောင်းသိနိုင်ရန်(Notifying the occupants) နှင့် ဘေးကင်းရာသို့ လွတ်မြောက် ရန် (emergency evacuation) အတွက် ကျယ်လောင်သည့်အသံ ကြေညာပေးရမည်။ Horns ၊ bells ၊ sirens ၊ stroboscopic lights ၊ speakers စသည် notifying appliance များကို သတိပေးရန် သို့မဟုတ် အသိပေးရန်အတွက် အများဆုံး အသုံးပြုကြသည်။ ထိုပစ္စည်း(notifying appliance) များသည် detection ကိရိယာများကဲ့သို့ပင် အရေးကြီးသည့် ပစ္စည်းများဖြစ်သည်။ Notifying appliance များကို စနစ်တကျ နေရာချထားရန် လိုအပ်သည်။ အဆောက်အဦအတွင်း နေရာအနှံ့အပြားမှ ကြားနိုင်အောင် speaker များ တပ်ဆင်ထားမည့် နေရာများ ကို စနစ်တကျ ရွေးချယ်သင့်သည်။

            မီးသတ်ဌာန (fire department) များသို့ အလိုအလျောက် အကြောင်းကြားခြင်း (automatically notifying) ပြုလုပ်သည့်နည်းများကို သုံးရမည်။ မီးလောင်ပျက်စီးမှု လျော့နည်းစေရန် စောနိုင်သမျှ အစောဆုံး အကြောင်းကြား သင့်သည်။ မီးမကြီးထွားခင် ကြိုသိခြင်း၊ အစောဆုံး အကြောင်းကြားနိုင်ခြင်းတို့ကြောင့် အလွယ်တကူ မီးငြိမ်းသတ် နိုင်သည်။ မီးမပြန့်ပွားအောင် ထိန်းချုပ်နိုင်သည်။ ဤအချက်များ သည် fire alarm system ဒီဇိုင်း၏ ပန်းတိုင်ဖြစ်သည်။

            Fire alarm system တပ်ဆင်ခြင်းလုပ်ငန်းများအတွက် National Fire Alarm and Signaling Code, NFPA 72 နှင့် National Electrical Code, NFPA 70 တို့ကို လိုက်နာရန် လိုအပ်သည်။ Fire alarm system အမျိုးအစား အားလုံးအတွက် အကျုံးဝင်သည်။ သက်ဆိုင်သည့် စည်းမျဉ်းစည်းကမ်း(applicable codes)ကို လေ့လာသိရှိပြီး လိုက်နာရန် အထူးလိုအပ်သည်။

            System များ အားလုံးသည် NFPA 72 ၏ လိုအပ်ချက်များကို လိုက်နာရမည်။ NFPA 72- Fire Alarm and Signaling Code 2010 သည် လက်ရှိအသုံးပြုနေသည့် code ဖြစ်သည်။ 2010 code တွင် အခန်းပေါင်း(၂၉)ခန်း ပါဝင်သည်။ NFPA 72 ကို National Fire Alarm and Signaling Code ဟူ၍လည်း ခေါ်ဆိုလေ့ရှိသည်။

Selecting a Fire Alarm System for your Application

            စည်းမျဉ်းစည်းကမ်း (code) အရ တပ်ဆင်ရန် လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ အဆောက်အဦတွင် fire alarm system တစ်ခုကို တပ်ဆင်ရန် ဆုံးဖြတ်ချက်ချပြီးနောက် မည်ကဲ့သို့မျိုး system ကို တပ်ဆင်ရမည်။ မည်ကဲ့သို့သော equipment များကိုအသုံးပြုရ မည် စသည်တို့ကို သတ်မှတ်ရန် လိုအပ်သည်။

            ဥပဒေအရ တပ်ဆင်ရန် လိုအပ်သည်ဖြစ်စ၊ မိမိဆန္ဒအရ တပ်ဆင်သည်ဖြစ်စေ စည်းမျဉ်းစည်းကမ်း(code) များ အတိုင်း တပ်ဆင် ခြင်းသည် စိတ်အချရဆုံးနည်းဖြစ်သည်။

            Fire alarm system ဒီဇိုင်းတစ်ခုကို ရွေးချယ်ရာတွင် အောက်ပါအချက်များကို အလေးပေးစဉ်းစားသင့်သည်။

(က)

System ၏ ရည်ရွယ်ချက် (purpose of the system)

(ခ)

အဆောက်အဦပိုင်ရှင်၏ မီးဘေးကာကွယ်ရေး ဦးတည်ချက်များ (fire protection goals of the owner)

(ဂ)

ကာကွယ်ပေးရမည့် အဆောက်အဦအတွင်းရှိနေသူ အမျိုးအစားများ (type of occupancy to be protected)

(ဃ)

The type and quantity of the contents to be protected

(င)

The required response time of the system; i. e. how fast must it operate? (System က တုံ့ပြန်ရမည့်အချိန် လိုအပ် ချက်) အချိန်မည်မျှအတွင်း တုံ့ပြန်ရမည်ကို ဖော်ပြပေးရမည်။

(စ)

System ၏ အခြေခံလုပ်ငန်းများ (basic function of the system)

(ဆ)

လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းနှင့် စံများ (applicable fire alarm system codes and standards)

(ဇ)

တခြားသော မီးဘေးကာကွယ်ရေးစနစ်များနှင့် ပေါင်းစည်းရန် (other fire protection systems that must be interfaced)

(စ်)

မီးသတ်ဌာနမှ ရောက်ရှိနိုင်မည့်အချိန် (The response time of the fire department) နှင့်

(ည)

ရေရရှိနိုင်မှု (available water supply) တို့ဖြစ်သည်။

 

Fire alarm system ၏ အဓိက ရည်ရွယ်ချက်သည် အဆောက်အဦအတွင်းရှိနေသူများ (occupants) နှင့် မီးသတ်ဌာန (fire department) များသို့ မီးလောင်နေကြောင်းကို အသိပေးရန် ဖြစ်သည်။ အဆောက်အဦတွင် မီးစတင်လောင်သည့်အခါ မီးငြိမ်းသတ်နိုင်သည့် စနစ် (suppression system) များ စတင်အလုပ်လုပ်ရန်၊ စက်များရပ်တန့်ရန် (shut down equipment) ရန်၊ manufacturing processes ရပ်တန့်ရန်လိုအပ်သည်။ The building and fire codes နှင့် NFPA Life Safety Code® NFPA 101-2009 edition တို့မှ minimum fire alarm system requirements နှင့် guidance for the occupancy classification of the building တို့ကို ဖော်ပြပေးသည်။

            Fire alarm system ဒီဇိုင်းမလုပ်ခင် အဆောက်အဦ အမျိုးအစား၊ အသုံးပြုပုံ၊ လောင်နိုင်သည့် မီးအမျိုးအစား စသည်တို့ကို လေ့လာဆန်း စစ်ရန် လိုအပ်သည်။ Frie alarm system ဒီဇိုင်နာများနှင့် နှီးနှောတိုင်ပသင့်သည်။ အဆောက်အဦ ပိုင်ရှင်များသည် မီးဘေးကာကွယ်ရန်၊ အသက်မဆုံးရှုံးစေရန် မရည်မှန်းဘဲ ဖြစ်မနေတပ်ဆင်ရန် ညွှန်ကြားချက်များကို လိုက်နာရန်အတွက်သာ တပ်ဆင်ကြသည်။ applicable codes နှင့် standards တို့နှင့် ကိုက်ညီရုံဖြင့် မီးဘေးကာကွယ်ရေး ပန်းတိုင်များ (fire protection goals) ရရှိလိမ့်မည် မဟုတ်ပေ။

            ဒီဇိုင်နာများနှင့် ကန်ထရိုက်တာများသည် NFPA 72, the National Fire Alarm and Signaling Code ® တွင် လိုအပ်သည်ဟု မဖော်ပြ ထားသည့် အရာများကို တပ်ဆင်လေ့မရှိကြပေ။

            Building and fire codes များသည် မီးလောင်ပြီးနောက် အဆောက်အဦ ကျန်ရစ်စေရန် သို့မဟုတ် မီးမသင့်စေရန် ပြင်ဆင်ပြုစုထားသည့် စည်းမျဉ်းများမဟုတ်ပါ။ တစ်ခါတစ်ရံ ပိုင်ရှင်များ မျှော်လင့်ထားသည့် ကာကွယ်မှုမျိုးထက် လျော့နည်းနေသည်။ ပညာရှင်များက ပိုင်ရှင်များကို fire alarm system ၏ ကာကွယ်ပေးနိုင်ပုံနှင့် အထိရောက်ဆုံး အသုံးပြုနိုင်ရန် ရှင်းပြကာ လိုက်လျော ခွင့်ပြုစေရန် နှစ်သိမ့်သင့်သည်။ ယေဘုယျအားဖြင့် frie protection goals များမှာ အောက်ပါတို့အနက်မှ တစ်ခု သို့မဟုတ် အချက်အားလုံးဖြစ်နိုင်သည်။

(က)

Life Safety

(ခ)

Property Protection

(ဂ)

Mission Protection နှင့်

(ဃ)

Heritage protection တို့ဖြစ်သည်။

Life Safety Protection

            အိမ်ခန်းများ(apartments)၊ ဟိုတည်များ(hotels)၊ ကွန်ဒိုမီနီယံများ(condominiums) စသည့် လူနေအိမ်များ (residential)များတွင် တပ်ဆင်မည့် fire alarm system များကို အသက်ဘေးမှ ကာကွယ်မှုများ(life safety protection) ထိရောက်စေရန် ဒီဇိုင်းလုပ်သည်။ အဆောက် အဦ အတွင်း ရှိနေသူများ(occupants) ၏ အသက်ဘေးမှ ကာကွယ်ပေးနိုင်မှု(life safety) ဆိုသည့် အဓိပ္ပာယ်ကို မီးလောင်နေကြောင်း ကြိုတင် အသိပေးခြင်း(early warning) ဟု အဓိပ္ပာယ် ဖွင့်ဆိုနိုင်သည်။

            Fire alarm system သည် ကောင်းစွာ ကာကွယ်ပေးနိုင်ရုံသာမက တည်ငြိမ်သည့် system ဖြစ်ရန် လိုအပ်သည်။ Fire alarm system သည် life safety protection ဖြစ်စေရမည်။ ယုံကြည်စိတ်ချ(reliability) မြင့်မား ရမည်။ တည်ငြိမ်(stable)ရမည်။ အဆောက်အဦအတွင်းရှိနေသူ များ(occupants) ၏ စိတ်ထဲတွင် လုံခြုံမှု ပေးနိုင်စွမ်းရှိသည်ဟု ထင်မြင်နိုင်စွမ်းရှိစေရမည်။

            တခြားသော အရေးကြီးသည့် အချက်တစ်ခုမှာ "public mode notification" ဖြစ်သည်။ လူများကို အသိပေးခြင်း(PMN) ဆိုသည်မှာ အဆောက်အဦအတွင်း၌ မီးလောင်သည့်အခါ a sound pressure level of 15dBA above the ambient noise level or 5dBA above a maximum sound level lasting for at least 60 seconds တို့အနက် ပိုမြင့်သည့်အသံဖြင့်(ပိုကျယ်သည့်အသံ)ဖြင့် ကြေငြာပေးရန် သို့မဟုတ် အသံမြည်စေရန်ဖြစ်သည်။

            In addition the Life Safety Code-2009 edition and the Americans with Disabilities Act (ADA) လိုအပ်ချက်အရ visible appliances be installed to assist in alarm notification of the hearing impaired နားမကြားနိုင်သည့် လူများအတွက် မြင်နိုင်သည့် လျှပ်စစ်မီးရောင်ဖြင့်  မီးလောင်နေကြောင်း) သိသာအောင် အသိပေးသည့် ကိရိယာများ တပ်ဆင်ထားရမည်။ လူများဘေးကင်းရာသို့ ထွက်သွားရန် အချက်ပေးအသံ(FA evacuation signal) သည် တခြားသော အသံများနှင့် မတူစေဘဲ သိသာထင်ရှားသည့်အသံ ဖြစ်ရမည်။ ထိုအသံမျိုးနှင့် တူညီသည့်အသံကို မည်သည့် နေရာတွင်မှ အသုံးမပြုရ။

            The temporal three pattern shall only be used if total evacuation of the building is required.

Property Protection

            Detector အရေအတွက်နှင့် အမျိုးအစားကို အခြေခံ၍ fire alarm system အမျိုးအစားကို ရွေးချယ် ကြသည်။ ပိုင်ရှင်များ၏ ရည်ရွယ်ချက်(owner's property protection goals)၊ အဆောက်အဦတန်ဖိုး(value of the property) နှင့် ပိုင်ရှင်ဝယ်ယူထားသည့် မီးအာမခံ(fire insurance)၏ လိုအပ်ချက်များကို မူတည်၍ ယေဘုယျအားဖြင့် တန်ဖိုးမများသည့် နေရာများတွင် heat detector များကို အသုံးပြုကြသည်။ Fire alarm system ၏ အဓိကတာဝန်သည် မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်ပေးရန် ဖြစ်သည်။

            မီးအာမခံ(fire insurance) နှင့် ပညာရှင်(fire service professional) များက ရွေးချယ်ထားသည် အခန်းအချို့နှင့် လူသွားလမ်းများတွင် sprinkler heads များ တပ်ဆင်ထားသည့် automatic sprinkler system ကို ကောင်းစွာ အကာအကွယ် ပေးနိုင်သည့် system အဖြစ် ယူဆလိမ့် မည် မဟုတ်ပေ။ တစ်ဦးတစ်ယောက်အနေဖြင့် detector အချို့ တပ်ဆင်ထားသည့် fire alarm system ကို ပြည့်စုံသည့်(complete) fire alarm system အဖြစ် သတ်မှတ်ကောင်း သတ်မှတ်နိုင်သည်။ မီးအာမခံ(fire insurance) နှင့် ပညာရှင်(fire service professional) များက စိတ်ချရ သည့် system အဖြစ်သတ်မှတ်လိမ့်မည် မဟုတ်ပေ။

            အဆောက်အဦ ကာကွယ်ခြင်း(property protection) ၏ အဓိကတာဝန်မှာ မီးဘေးကြောင့် ဖြစ်ပေါ်မည့် ဆုံးရှုံးမှုများကို လျော့နည်းစေ ရန်(reduce property losses due to fire) ဖြစ်သည်။ မည်သည့် fire alarm system မဆို စိတ်အချရဆုံးနှင့် ကာကွယ်မှု အကောင်းဆုံးဖြစ်စေရန် 100% coverage using automatic detection and be connected to a listed supervising station ဖြစ်ရမည်။ Fire alarm system များသည် မီးငြိမ်းသတ်ပေးနိုင်သည့် (suppress the fire) system များ မဟုတ်ကြပေ။ To be of any use in property protection, the fire alarm system must be able to detect the fire and provide off- premises notification in enough time for the fire department to respond while the fire is still telatively small.

            များသောအားဖြင့် အဆောက်အဦ ကာကွယ်ခြင်း(property protection) အတွက် heat detector များကို အသုံးပြုကြသည်။ The type of automatic heat detectors installed၊ fixed temperature၊ rate- of-rise, or rate compensated စသည်တို့အနက် မည်သည့်အခါ အသုံးပြုရမည်။ ambient temperature နှင့် environment in which detection is needed တို့အပေါ်တွင် မူတည်သည်။

            Other forms of detection, spot type smoke detection၊ beam type smoke detection or flame detection တို့ကိုလည်း အသုံးပြုနိုင်သည်။ မျက်နှာကြက်အမြင့်(ceiling height)၊ detector များ၏ တုံ့ပြန်ချိန် (response time)၊ မီးသတ်ဌာနရောက်လာနိုင်မည့်အချိန်(fire department response time) နှင့် ရေရှိနိုင်မှု (availability of water) စသည်တို့ကို ထည့်သွင်းစဉ်းစားရမည်။ Refer to Table on Page 18 for guidance.

Mission Protection

            "Mission protection" ဆိုသည်မှာ ကုမ္မဏီတစ်ခု သို့မဟုတ် အဖွဲ့အစည်းတစ်ခုသည် မီးလောင် ကျွမ်းခံရပြီးနောက် ဆက်လက်ရပ်တည် လုပ်ကိုင်နေနိုင်စွမ်းကို ဆိုလိုသည်။ Another way to look at the protection required in a facility is to determine whether or not each area of the building or an area which houses a certain business function (i.e., receivables computer, special finishing processes, etc.) will be able to withstand the impact of a fier. Then determine if the business function can maintain its operation after the fire. The results of this survey will of

            ten dictate which detection devices will meet the owner's goals. If the area or business function is critical to the mission of the owner, လျင်မြန်စွာ detection လုပ်နိုင်သည်။ flame detectors or aspirating (active air sampling) စသည့် smoke detection အမျိုးအစားများကို အသုံးပြုရမည်။ မီးလောင်လျှင် ချက်ချင်း သိနိုင်သည့် smoke detector အမျိုးအစားများ ဖြစ်သည်။

            If the loss of a particular area will have no ap-preciable impact on the ability of a company to conduct business in the future, the slower forms of detection (i.e., heat detection) can be used in that area or space.

Heritage Protection

            သမိုင်းဝင် ပစ္စည်းများ၊ အဆောက်အဦးများကို မီးဘေးရန်မှ ကာကွယ်ခြင်းလုပ်ငန်းသည် ခက်ခဲသည့် အလုပ် ဖြစ်သည်။ သမိုင်းဝင်ပစ္စည်းများ ပျောက်ပျက်သွားပါက အစားထိုးရန် မဖြစ်နိုင်ပေ။ အဓိက အချက်(၂)ချက် ပါဝင်သည်။ Early detection နှင့် preservation of the historic nature of the facility ဖြစ်သည်။ ပြတိုက်များ၊ သမိုင်းဝင်ပစ္စည်းများ ပြသရာ အခန်းများတွင် fire alarm system ကို တပ်ဆင်ထားရန် လိုအပ်သော်လည်း fire alarm system နှင့် သက်ဆိုင်သည့် ပစ္စည်းများဖြစ်သော smoke detector ၊ heat detector စသည်တို့ကို မြင်သာသည့် နေရာတွင် တပ်ဆင် မထားလိုကြပေ။

            ထိုအဆောက်အဦများသည် မီးသတ်သမား အလွယ်တကူဝင်ရောက်ရန် ခက်ခဲသည်။ မီးလောင်လွယ်သည့် ပစ္စည်းများဖြင့် ပြည့်နေသောကြောင့် အလွယ်တကူ မီးပျံ့နှံ့နိုင်သည်။ ထို့ကြောင့် detector များကို နေရာတိုင်း ပြည့်နေအောင် တပ်ဆင်ထားရမည်။ တစ်နည်းအားဖြင့် total detection coverage သို့မဟုတ် complete detection coverage system ကို ဆိုလိုသည်။

            အဆုံးရှုံး မခံနိုင်သည့် ပစ္စည်းများဖြစ်သောကြောင့် ကြိုသိအောင်ပြုလုပ်ထားခြင်း(early detection) သည် အကောင်းဆုံး ဖြစ်သည်။ ယေဘုယျအားဖြင့် spot-type သို့မဟုတ်။ linear beam smoke detector များကို အသုံးပြုသင့်သည်။ air-sampling (aspirating-style) smoke detector များသည်လည်း earliest protection ကို ပေးနိုင်သည်။ Heritage Protection နှင့် သက်ဆိုင်သည့် အချက်များအတွက် NFPA 909-2010, Code for the Protection of Cultural Resources Properties- Museums, Libraries, and Places of Worship များကို ကိုးကား မှီငြမ်း နိုင်သည်။

HEAT DETECTORS Table (Page 18)

Application Guidelines

Time considerations

            မီးနှင့် သက်ဆိုင်သမျှ အရာအားလုံးတွင် အချိန်သည် အဓိက အကျဆုံးဖြစ်သည်။ Heat detectors, sprinklers, နှင့် many other extinguishing devices or systems များ၏ အဆင့်ကို တုံ့ပြန်ချိန်(response time) ဖြင့် သတ်မှတ်ကြသည်။ Fire resistance of building materials နှင့် assemblies များကိုလည်း မီးဒဏ်ခံနိုင်သည့် အချိန်ဖြင့် အဆင့်အတန်း သတ်မှတ်ကြသည်။ (The evacuation needs of the occupants are also measured in terms of time.) အဆောက်အဦ အတွင်းရှိနေသူများ၏ လွတ်မြောက်ရန်နည်း၊ လွတ်မြောက်ရာသို့ရောက်ရန် အချိန်ကို လိုက်၍ အဆင့်အတန်း ခွဲခြားကြသည်။ မီးလောင်ခြင်းကို ကြိုသိနိုင်ချိန်နှင့် ဘေးလွတ်ရာသို့ ကောင်းစွာ ရောက်နိုင်ရန် ကြာချိန်သည် fire alarm system နှင့် FPS များ အားလုံး၏ အရည်အသွေးကို သတ်မှတ်ပေးသည်။

            Life safety applications ၏ အဓိက ရည်ရွယ်ချက်မှာ အဆောက်အဦအတွင်းရှိ နေသူများ မီးဘေး လွတ်ရာသို့ ရောက်ရှိရန် လုံလောက် သည့် အချိန်ရရှိစေရန် ဖြစ်သည်။

            (property protection) ဒီဇိုင်းပြုလုပ်ရာတွင် မီးသတ်သမားများရောက်ရန် ကြာချိန်(response time of the fire depart-ent_ သူတို့၏ မီးသတ်နိုင်စွမ်း(capabilities) ကို ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။ An ex¬tended response time allows the fire to grow to a size beyond the capabilities of the dire depart¬ ment to control and extinguish the fire before a major loss occurs. Similar consideration should be given to the availability and condition of the water supply. If the water supply is questionable or inadequate, the fire department will likely have to "bring the water with them" in order to suppress  the firer. fire alarm system များသည် မီးစတင်လောင်ချိန် သို့မဟုတ် အစပျိုးချိန်တွင် detect လုပ်နိုင်မှသာ မီးသတ်သမားများ လာရန် အချိန်ကောင်းစွာ ရရှိနိုင်လိမ့်မည်။ သို့မှသာ မီးတောက် အားမကောင်းခင် ကြိုတင်၍ မီးကိုကောင်းစွာ ငြိမ်းသတ်နိုင်လိမ့်မည်။

Detector Selection

            Fire alarm system ဒီဇိုင်းတွင် detector အမျိုးအစားကို ရွေးချယ်ကြသည်။ consideration must be given to the types of detection that will meet (ovner's fire protection goals နှင့် the system design goals ကို အခြေခံ၍) detector's များ၏ operating characteristics detector များ တပ်ဆင်ထားရာနေရာ၏ အခြေအနေ (environmental conditions) လောင်ကျွမ်းမည့် ပစ္စည်းအမျိုးအစား(type of combustible material) နှင့် မျက်နှာကြက်အမြင့်(ceiling height) စသည်တို့သည် detector များ၏ စွမ်းရည်များ၊ ဝိသေသအချက်များ ဖြစ် သည်။ NFPA 72-2010 မှ အခန်း 17.5.3 တွင် ဖော်ပြထားသော ကာကွယ်နိုင်သည့်အဆင့်(concept of level of coverage) နှစ်မျိုးရှိသည်။

 

 

(က) Total (Complete) Coverage

 

အဆောက်အဦတစ်ခုလုံးအား နေရာလပ်မရှိအောင် ကာကွယ်ထားခြင်း

Where required by laws, codes, or standards, and unless otherwise modified by 17.5.3.1.1 through 17.5.3.1.5၊ total coverage shall include all rooms, halls, storage areas, base¬ments, attics, lofts, spaces above suspended ceilings, and other subdivisions and accessi¬ble spaces, as well as the inside of all closets, elevator shafts, enclosed stairways, dumb¬waiter shafts, and chutes.

 

(ခ) Partial Coverage or Selective Area Coverage      (ရွေးချယ်ထားသည့် နေရာအချို့ကိုသာ ကာကွယ်ထားခြင်း)

 

ရွေးချယ်ထားသည့် နေရာအချို့တွင်သာ သတ်မှတ်ထားသည့် စည်းမျဉ်းများအတိုင်း ကာကွယ်ခြင်း (Protection) ပြုလုပ်ပေးရန် Code? standare နှင့် ဥပဒေ(law) များက ဖော်ပြပေးသည်။ As stated above, the major¬ity of fire detection systems that are installed are partial. The coverage of the detectors still may cover most areas below the ceilings, but may not be in spaces such as closets, underneath stairs and similar locations.

                        Selective coverage is where a specific hazard within a room or space is being covered, but other spaces are not. With partial and selective coverage, the prescriptive coverage requirements of the Code still must be followed for the spaces or areas that are to have detection.

(ဂ) Non-required Coverage (ကာကွယ်ရန်မလိုအပ်ခြင်း)

 

Detection installed for reasons of achiev¬ing specific fire safety objectives, but not required by any laws, codes, or standards, shall meet all of the requirements of this Code, with the exception of the prescriptive spacing criteria of Chapter 17.

                       

 

            detector application guide ကို Table 2.1 တွင် ဖော်ပြထားသည်။ This guide ကို Chapter 17 of the National Fire Alarm and Signaling Code-2010 edition နှင့်တွဲ၍ အသုံးပြုသင့်သည်။

                        Auto Fire Alarm System ကို အထိရောက်ဆုံးနှင့် စိတ်အချရဆုံး

                        Two major factors that impact the effectiveness and reliability of automatic fire detector opera-tion are ဖြစ်စေရန်အတွက် သတိပြုရမည့် အချက်နှစ်ချက်မှာ (၁) ceiling height နှင့် (၂) detector spacing တို့ ဖြစ်သည်။      

           

Ceiling Height

            အကယ်၍ မျက်နှာကြက်အမြင့်(ceiling height)သည် (၁၀)ပေ ကျော်ပါက heat detector တပ်ဆင် ထားမည့် အကွာအဝေး (spacing) များကို လျှော့ချပေးရမည်။ ထိုအချက်ကို NFPA 72-2010, paragraph 17.6.3.5 High Ceilings တွင် ဖော်ပြထားသည်။ smoldering fires များကို ကြိုသိရန် မဖြစ်နိုင်ပေ။ spot-type smoke detectors များဖြင့် (၁၅) ပေထက် ပိုမြင့်သည့် မျက်နှာကြက်များတွင် တပ်ဆင်၍) A fire plume has an inverted cone shape; as the fire intensifies, smoke and hear rises and the cone angle narrows. The fire plume becomes almost non¬existent where there is a smoldering fire. smoldering fire အမျိုးအစားများကို ကြိုတင်သိအောင် detect လုပ်နိုင်ရန် အလွန်ခက်ခဲသည်။ မီးတောက်(flame) မဖြစ်ပေါ်ပေ။ အပူများကြောင့် မီးစမီးနများ(combustion products) detector တပ်ဆင်ထားသည့် မျက်နှာကြက်ဆီသို့ ရောက်အောင် မတွန်းပို့နိုင် သောကြောင့် ဖြစ်သည်။ မီးတောက်လောင်မှု အားကောင်းချိန်(fire intensifies)မှသာ မီးစမီးနများ(combustion products) detector အနီးအနားသို့ ရောက်ရှိနိုင်သည်။ ထိုကဲ့သို့ မီးတောက်အားကောင်းချိန်ကို ကြိုသိခြင်း(early morning) ဟု မခေါ်ဆိုနိုင်တော့ပေ။

Detector Spacing

            National Fire Alarm and Signaling Code (2010 edition) မှ chapter 17 တွင် smoke detector များ တပ်ဆင်ထားရမည့် နေရာ အကွာအဝေးနှင့် သက်ဆိုင်သည့် ညွှန်ကြားချက်များ(guidance for spacing and placement of smoke detectors) ကို ဖော်ပြထားသည်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ ဆောက်လုပ်ဆဲလုပ်ငန်းများ မပြီးစီးခင် smoke detector တပ်ဆင်ထားခြင်းကို ခွင့်မပြုပေ။

            Guidance for the spacing for all detectors ကို Chapter 17 of the National Fire Alarm and Signaling Code-2010 edition တွင် ဖော်ပြထားသည်။ some detectors (heat detectors, for example) များ၏ နေရာအကွာအဝေး (spacing) dictated by the results of test conducted by Underwriters Laboratories or Factory Mutual Research Corporation. များသောအားဖြင့် building codes and fire authorities တို့သည် detector များ၏ နေရာအကွာအဝေး(spacing) နှင့် ပတ်သက်လျှင် NFPA 72 မှ Chapter 17 ကို ကိုးကားရန် ညွှန်ကြားလေ့ ရှိသည်။ အစောဆုံး ကြိုသိနိုင်ရန်အတွက် detector နေရာအကွာအဝေးကို အတတ်နိုင်ဆုံး လျှော့ချပေးရမည်။ တစ်နည်း detector တစ်ခုနှစ်တစ်ခု နီးကပ်စွာ တပ်ဆင်ထားရမည်း မျက်နှာကြက်တွင် အကာအကွယ် အတားအဆီးများရှိနေပါက လေစီးနှုန်း အလွန်လျင်မြန်နေပါက detector များကို နီးနီးကပ်ကပ် တပ်ဆင်ထားရန် လိုအပ်သည်။ Detector များ အနီး၌ လေစီးနှုန်း မြင့်မားနေခြင်းကို အလေးပေး စဉ်းစားရမည်။ Smoke detect များကို လေစီးကြောင်း၌ တပ်ဆင်ထားခြင်း မပြုရ။ လေထွက်ပေါက်များ အောက်တည့်တည့်၌ တပ်ဆင်မထားရ။ (ceiling obstructions or high velocity air movement)

 

 

There are three types of fire alarm and detection systems:

        •   Non-addressable system

        •   Addressable system

        •   Hybrid System

        •   Wireless System

 

-End-

click her to Chapter-2 Basic Fire Alarm Systems